TWRP ပြုလုပ်နည်း ( စာရှည်ပါတယ် တကယ်လိုချင်တဲ့သူဖတ်ပါ )
ကဲဗျာ ကြာသွားတဲ့အတွက်တောင်းပန်ပါတယ် အလုပ်တွေများနေလို့ပါ ကတိအတိုင်း twrp လုပ်တဲ့နည်းပြောပြပေးမယ် တကယ်တော့ TWRP လုပ်တာတော့မဟုတ်ပါဘူး original recovery ရဲ့အပိုင်းတွေနဲ့ Twrp recovery တို့ရဲ့ Ramdisk တို့ပေါင်းပြီး edit လုပ်လိုက်တာပါ တစ်နည်းအားဖြင့် လုပ်ပြီးသား twrp ကို ကိုယ့်စက်မှာကိုက်အောင်လုပ်လိုက်တာပါ အဲ့တော့ MT6582 အတွက်လုပ်ချင်ရင် MT6582 twrp လေးတော့ရှာဆွဲထားပေါ့ ကျွန်တော့်မှာတော့ SPD , MTK twrp porting တွေတော်တော်များများရှိပါတယ် အဲ့ဒါတွေတော့မပေးတော့ဘူးဗျာ အစကတော့ပေးမလို့ပဲ ကို့ဘာသာရှာတတ်အောင်လို့ ကဲစရအောင်
ရော့ ဒီ tool လေး down ထား
https://www.mediafire.com/download/7y3nov199263f29
Pass က twrp.me
TWRP edit လုပ်ဖို့အတွက် original recovery အရင် backup လုပ်ပါ mtk recovery ယူတာတော့သိကြမယ်ထင်တယ် miracle crack လေးနဲ့ယူပေါ့ ပြန်ရေးရင်အဆင်ပြေအောင်တခါတည်း preloader လေးပါယူခဲ့
ဲ့
preloader လေးနဲ့ recovery လေးနဲ့ယူပြီးရင် recovery format က miracle နဲ့ထုတ်တော့ recovery.bin ဖြစ်နေမယ် recovery.img လို့ rename လုပ်လိုက် img ဖြစ်အောင်ပြောင်းလိုက်တာပါ img မှအဆင်ပြေမှာပါ
Firmware ထဲကယူထားတဲ့ recovery.img ဆိုရင်တော့ rename လုပ်စရာမလိုပါ
ရပြီဆိုရင် အဲ့ဒီ recovery.img လေးကို ကျွန်တော်ပေးထားတဲ့ tool folder ထဲက recovery resources folder ထဲ copy ကူးထားလိုက်ပါ ပြီးရင် tool ထဲကတိုင်းအလုပ်လုပ်အောင် အဲ့ဒီ recovery ကို srecovery လို့နာမည်ချိန်းထားပါ
ပြီးရင် ကိုယ်လုပ်မယ့်ဖုန်းရဲ့ cpu အလိုက် twrp.img လေးလိုပါတယ် ဥပမာ MT6582 အတွက်ပေါ့ ရော့ဗျာ MT6582 အတွက်တော့ပေးလိုက်မယ်စမ်းလို့ရအောင် ဒီမှာ down
https://www.mediafire.com/download/afiajnca3o31sb8
Down လို့ရလာတဲ့ twrp ကို copy ကူးပြီးခုနကအတိုင်း recovery resources folder ထဲထည့်ထားပေးပါ အဲ့ဒီ twrp ကိုလည်း trecovery လို့နာမည်ပြောင်းပါ အဲဒါဆိုရင်
Recovery resources folder ထဲမှာ srecovery လို့်နာမည်ပြောင်းထားတဲ့ original recovery နဲ့ trecovery လို့နာမည်ပြောင်းထားတဲ့ twrp recovery တို့ရောက်နေပါပြီ ကဲဆက်ရအောင်
အောက်ဆုံးက Carliv ဆိုတဲ့ batch file လေးဖွင့်ပါ
ဖွင့်ပြီးရင် recovery ကိုပြင်မှာမို့ R နှိပ်ပြီး enter ခေါက်ပါ လုပ်လို့ရတာတွေပေါ်လာပါမယ် srecovery ကိုအရင်ဆုံး unpack ( ဖြည်ပါမယ် ) အဲ့တော့
1. ကိုနှိပ်ပြီး enter ခေါက်ပါ အဲ့ဒီမှာ
1.Unpack. 3.Unpack
2.Repack. 4.Repack
အဲ့လိုမျိုးပေါ်လာရင် ဖြည်ချမှာမို့ 1 နှိပ်ပြီး enter ခေါက်ပါမယ် အဲ့ချိန်မဖြည်ပဲ error တက်သွားခဲ့ရင် 3 နဲ့ ဖြည်ပါ
အဲ့တော့ပြောချက်တာက 1 နဲ့ unpack ထားရင် 2 နဲ့ repack မှာဖြစ်ပြီး 3 နဲ့ unpack ထားရင်တော့ 4 နဲ့ repack မှာပေါ့
အဆင်ပြေတာနဲ့ ဖြည်လိုက်ပါ ဖြည်ပြီးတာနဲ့ folder ထဲမှာ srecovery ဆိုပြီး file လေးရောက်နေပါပြီ အထဲဝင်ကြည့်လိုက်ရင် ramdisk နဲ့တခြား base တို့ kernel တို့အပြည့်အစုံတွေ့ရပါမယ် ပြီးရင် အဲ့ပုံစံအတိုင်း trecovery ကို ဖြည်ချလိုက်ပါ folder ထဲမှာခုလိုပဲ trecovery file လေးထွက်လာပါမယ် ဒါဆိုရင် recovery.img နှစ်ခုလုံွးကို ဖြည်ချပြီးပါပြီ ဒါဆို အဲ့ folder နှစ်ခုကို တစ်ခုကနေတစ်ခု အစားထိုးရအောင် srecovery folder နဲ့ trecovery folder နှစ်ခုယှဉ်ဖွင့်ထားလိုက်ပါ srecovery ကိုရိုးရိုးဖွင့် ပြီးရင် trecovery folder ကို right click >open in new window နဲ့ဖွင့်တာကိုပြောတာပါရှင်းရှင်းလင်းလင်းလုပ်လို့ရတာပေါ့
ပြီးရင် trecovery folder ထဲက ramdisk ပဲထားပြီးအောက်က file တွေ delete လုပ်လိုက်ပါ
ပြီးရင် srecovery folder ထဲက ramdisk အောက်က file တွေကို ခုန trecovery folder ထဲကို copy ကူးလိုက်ပါ ဒါဆိုရင် twrp recovery အတွက် trecovery folder လေးရပါပြီ img လေးဖြစ်အောင် ပြန်ပေါင်းရဦးမယ် အဲ့တော့ tool ပြန်ဖွင့်ပါ trecovery ကိုပဲပြန်ပေါင်းမှာဖြစ်တဲ့အတွက် 2.trecovery ကိုရွေးပါ ပြီးရင် 3 သို့မဟုတ် 4 နဲ့ပြန်ပေါင်းပါ ( 1 နဲ့ဖြည်ရင် 2 နဲ့ပေါင်း 3 နဲ့ဖြည်ရင် 4 နဲ့ပေါင်းပေါ့ ) ပေါင်းလို့ပြီးသွားရင်တော့
output ဆိုတဲ့ folder ထဲမှာ twrp လေးရောက်နေပြီပေါ့
Backup ထုတ်တုန်းက .bin နဲ့ထွက်လာရင် အခုရလာတဲ့ twrp ကို recovery.bin လို့ပြောင်း
Firmware ထဲကလှမ်းယူတာက .img ဆို အခုရလာတဲ့ twrp ကို recovery.img လို့ပြောင်း
Miracle နဲ့ backup ထုတ်ထားရင် အဲ့ဒီ backup folder ထဲမှာ ခုန rename လုပ်ထားတဲ့ recovery.bin လေးထည့်ပြီး flash လိုက်ရင် ok ပြီ
Firmware ထဲကဆိုရင်တော့ rename လုပ်ထားတဲ့ recovery.img ကို flashtool နဲ့ flash လိုက်ရင် twrp ရပြီပေါ့
Flash တာတွေတော့မရေးတော့ဘူးဗျာ လုပ်တတ်မှာပါ
ဒီပုံစံအတိုင်း Spd တွေလည်းလုပ်လို့ရပါတယ် Spd က recovery.img ဘယ်လို backup ယူရလဲတော့မမေးနဲ့ firmware ရှိရုံနဲ့ ဘာ box မှသုံးစရာမလိုပဲ recovery.img ထုတ်လို့ရတယ်
recovery.img ရလာရင်တော့ spd လည်းဒီနည်းသုံးလို့ရတယ် သက်ဆိုင်ရာ cpu အလိုက်တော့ twrp လိုတာပေါ့ ကဲစမ်းပေတော့ နားမလည်ရင်လည်းမေးဗျာ twrp ရရင် root ပဲဖောက်လို့ရတာမဟုတ်ဘူးနော်အများကြီးလုပ်လို့ရတယ် အဲ့တာတော့နောက်မှပြောပြတော့မယ် byname တွေ npp နဲ့ ဟိုဟာပြင်ဒီဟာပြင်တွေတော့ နောက်အားရင်ပြောပြပါ့မယ်
Samsung နဲ့ Qualcomm လုပ်နည်းတော့ ပြောတော့ဘူး GP ထောင်ထားတဲ့ဆရာတွေလာထုလိမ့်မယ်
အပင်ပန်းခံပြီးရေးထားပေးတာပါ အဆင်ပြေပါစေ
ko zayar min htike
No comments:
Post a Comment