mi ဖုန်းတွေ firmware မှားလို့ ဘဲ ဖြစ်ဖြစ် အကြောင်းကြောင်းကြောင့် qualcomm hs-usb diagnostics 900e mode ကို ရောက်သွားပြီး dead သွားရင်....
vol- + power key ကို အကြာကြီးနှိပ်ထားရင် fastboot mode ကို ရောက်ပါတယ်၊ fastboot devices လို့ ရိုက်ကြည့်ပြီး device သိတယ်ဆိုရင် fastboot reboot လို့ ရိုက်ရင် normal mode ကနေ ပါဝါနိုးလာပါလိမ့်မယ်....
ကျွန်တော် အဲဒီနည်းနဲ့ မရလို့ google မှာ ရှာရင်း အောက်ကနည်းနဲ့ အဆင်ပြေသွားလို့ ပြန်လည် မျှဝေတာပါ....
အဲဒီ ဖိုင်ကို download ဆွဲပြီး ဖြည်ချပါ... password မခံထားပါဘူး 163KB ဘဲ ရှိပါတယ်၊ download ဆွဲပြီးရင် အဲဒီဖိုင်ကို extract လုပ်ပါ၊ extract လုပ်ထားတဲ့ folder ထဲ ဝင်ပါ၊ ဖုန်းကို vol- key နှိပ်ပြီး ကွန်ပြူတာမှာ ကြိုးထိုးပါ၊ fastboot mode နဲ့ ပါဝါပွင့်လာပါမယ်၊ fastboot device သိပြီဆိုရင် ခုနက ဖြည်ချထားတဲ့ အထဲက bat file ကို double click လုပ်လိုက်ပါ၊ enter key နှစ်ချက် ခေါက်ချလိုက်တာနဲ့ 9008 mode ကို တိုက်ရိုက် ရောက်ပါ့မယ်၊ 9008 mode ရောက်ပြီဆိုမှတော့.... ကဲ....ဘာလိုသေးလဲ ပေါ့ဗျာ....
ကိုယ်တွေ့ကြုံတာလေး ပြန်မျှတာ...အမှားပါရင် ခွင့်လွှတ်...
credit
No comments:
Post a Comment