Huawei မှာ Network Lock ဆိုတာကြီးကို
ဟိုး C8813/Y320 လောက်မှာ
ကျနော်တို့ ကြုံခဲ့ရပေမဲ့
အလုံးကောင်းထဲကBlock အစားထိုးတာနဲ့
အလွယ်တကူပဲ
အခု G6 တို့C8816 တို့အထိ
Unlock လုပ်နိုင်ခဲ့ပါတယ်
Bootloader ကတော့ မလိုပါဘူး
ဒါပေမဲ့ ခု Service Beginner
အများစုကြုံနေရတာရော
ကျနော့်ကိုလာမေးတာတွေရော
အမေးများဆုံးက
G620 Series တွေရဲ့ Network lock တွေပါ
မနှစ်ကလောက်က ကျနော် ကြုံခဲ့ရတာပေါ့
ကြာပါပြီ
အဲ့တုန်းကQualcomm lock ဆို
One Click ရနေတော့
အထင်သေးတာလဲပါပါတယ်
တကယ်တန်းကျတော့ တော်တော်လုပ်လိုက်ရပါတယ်
ခုက
Beginner တွေအတွက် ရည်ရွယ်ပြီးရေးလိုက်တာပါ
G620 တွေမှာဆိုရင်
G620S-UL00 ဆိုရင်
CPU က MSM8916
G620-L75 ဆိုရင်
MSM8926 စသဖြင့်
Qualcomm chipset တွေပဲသုံးပါတယ်
8916 သုံးတဲ့ Y635 မှာလဲ Network lock
ကျတယ်ပြောတယ်
အဲ့ဖုန်းတွေကို firmwareကျလို့
ကျနော်တို့ Dload နဲ့ တင်မရတာတို့
Image Verfily ဖြစ်တာတို့
Bootloader lock တို့ဆိုရင်
Board Firmware တင်ကြပါတယ်
ဒါဆိုရင် ပြန်တက်လာတာနဲ့ Network Lock ကြပါတယ်
ကျတာနဲ့ အလုံးကောင်းထဲက Partition တွေ ထုတ်ပြီး ပြန် Flash လဲမရပါဘူး
နောက်ဆုံး Block 0 ထုတ်ပြီး ပြန်ရေးတာတောင် မရပါဘူး
Furious Gold Dongle ရှိမှပဲ Unlock လုပ်လို့ရပါတယ်
Dongle မရှိတဲ့ သူတွေအဖို့ ကျနော်ပြောပြပါမယ်
သူက Board Firmware ရေးလိုက်လို့ Network lock ကျတယ် အလုံးကောင်းထဲက ပြန်Restore လုပ်လဲ မရဘူး ဆိုတာ
EMMC ထဲက ID နဲ့ Partition တွေကိုမှတ်ထားပြီး
တူမတူ ကို CPU နဲ့ တိုက်စစ်ပါတယ်
မတူရင် Unlock မဖြစ်ပါဘူး
Hisilicon တွေလဲ emmc လဲလိုက်ရင် Network Lock ပါထပ်ကျတာပါ
အာ့ကြောင့် တခြားအလုံးကောင်းက Model တူထဲက partition တွေပြန် Restore ပေမဲ့ မရဘူးဆိုတာ
သူသတ်မှတ်ထားတဲ့ EMMC နဲ့ CPU နဲ့ မချိတ်ဆက်မိတာ ID မတူ တာကြောင့်ပါ
Huawei ရဲ့ Security ပေါ့
ဒါကြောင့် ကျနော်တို့က က Board Firmware တင်ရတော့မယ်ဆိုရင်
မတင်ခင်မှာ
ဖုန်းကို 9008 ဝင်လိုက်ပါ
Jip နဲ့ ဝင်မရရင် TestPoint ထောက်ဝင်ပါ
မိမိတင်မဲ့ G620 series ရဲ့ programmer file နဲ့
emmcdl.exe လေး ဆောင်ထားပါ
Fh loader မသုံးပါဘူး
ဝင်သွားတာနဲ့ Programmer file ကိုသုံးပြီး
ဖုန်းထဲက Partition တွေဖြစ်တဲ့
fsg
Modem
Modemst1/2
Oem
တွေကို Backup ယူထားရပါမယ်
ယူရမဲ့ Command ကတော့
emmcdl -l (comport နံပတ်မှတ်ထားပါ)
L ဆိုတာက List ကြည့်တာပါ
emmcdl -p com10 -f prog_emmc_firehose_8916.mbn -gpt
(Partition list ကြည့်တာပါ)
emmcdl -p com10 -f prog_emmc_firehose_8916.mbn -d modemst1 -o modemst1.img
ရိုက်လိုက်ပါ Modemst1 လေး ထွက်လာပါလိမ့်မယ်
ထိုနည်းအတိုင်းပဲ ကျန်တဲ့ Partition တွေကို ထပ်ယူပါ
-p ဆိုတာ Program လုပ်မယ်ပြောတာပါ
-f ကတော့ flashing ပေါ့
-d ဆိုတာ dump လုပ်ယူတာပါ
-o ဆိုတာ overwrite လုပ်တာပါ
ဒါဆို ကျနော်တို့ board firmware တင်လိုက်ပါ
ပြီးတာနဲ့ Dload ပြန်တင် Noti/theme ရှင်းပါ
မြန်မာစာထည့်ဘာညာပေါ့
Network lock ကတော့ကျနေမှာပါ
ပြီးတာနဲ့ Network lock ကို ရှင်းဖို့
QDloader 9008 ကို ပြန်ဝင်လိုက်ပါ
ခုနက ယူထားတဲ့ Partition တွေကို ပြန် Flash ပေးရပါမယ်
Command ကတော့
Restore မလုပ်ခင် အရင်ဖျက်ချပါမယ်
emmcdl -p com10 -f prog_emmc_firehose_8916.mbn -e modemst1
ထိုနည်းအတိုင်း ပြန်Restore လုပ်မဲ့ partition 4ခုကိုဖျက်ချပါ
-e ဆိုတာက Erase လုပ်တာပါ
ပြန်Restore လုပ်ရင်တော့
emmcdl -p com10 -f prog_emmc_firehose_8916.mbn -b modemst1 modemst1.img
ကျန်တာတွေပါ အဲ့တိုင်း Restore လုပ်ပါ
ပြီးတာနဲ့ စက်ကိုပြန်ဖွင့်ကြည့်ပါ
Network lock မရှိတော့တာ တွေ့ရပါမယ်
ဒါဆို သူ့ emmc ထဲ က Partition ကိုပဲ
Network မကျခင်မှာ back up ယူပြီး ပြန် restore တဲ့အတွက် emmc ရဲ့ ID နဲ့ Cpu နဲ့ တူနေတဲ့အတွက်
Unlock ဖြစ်သွားမှာပါ
မရေးခင်မှာ ဘာတခုမှ Backup မယူဘဲ
ရေးလိုက်လို့ Lock ဖြစ်သွားပြီဆိုရင်တော့
Dongle သုံးမှ ရပါမယ်
အဆင်ပြေကြပါစေ
ကိုရဲသူရလင်း
No comments:
Post a Comment