Credit Ko Khaing Moe Linn
Official နဲ့ UnOfficial ဘာတွေကွာလဲ ???
China အလုံးနဲ့ Global အလုံး ဘာတွေကွာလဲ ???
ဂဎနဏ သိချင်ရင်ဖတ်ကြည့်😁😁
၁ပူးတယ် kingပူးတယ် မလုပ်ကြနဲ့
စီနီယာ(အကြီး)နဲ့ စားမှာ😁😁
#Official
Xiaomi Company (Beijing, China) မှ မြန်မာပြည်တွင် တရားဝင် တင်သွင်းဖြန့်ချီခွင့်ပေးသော သက်ဆိုင်ရာ ကုမ္ပဏီများမှ Xiaomi ဖုန်းများ။ မြန်မာပြည်တွင် လက်ရှိ Xiaomi Official Distributor (၂) ခုရှိပါသည်။
1. Strong Source Co., Ltd.
2. JWK Co., Ltd.
#UnOfficial
တရုတ်ပြည်မှ Mobile Phone Supplier များထံမှ မြန်မာပြည်ရှိ စီးပွားရေးလုပ်ငန်းရှင်များမှ တင်သွင်းရောင်းချသော အလုံးများကို UnOfficial / တနည်း PI (Parallel Import) အလုံးများဟု ခေါ်သည်။
#China Version အလုံး
ပြည်တွင်းသို့ PI အဖြစ်တင်သွင်းသော အလုံးများသည် ဖုန်းဗူးခွံတွင် တရုတ်စာနှင့်လာသည်။ ဖုန်းအတွင်းတွင် MIUI China Stable ROM နှင့်လာသည်။
#Global Version အလုံး
ပြည်တွင်းသို့ Official Distributor များမှ တင်သွင်းဖြန့်ချီရောင်းချသော အလုံးများသည် ဖုန်းဗူးခွံတွင် English စာနှင့်လာသည်၊ တရုတ်စာမပါဝင်ပါ။ ဖုန်းဗူးခွံတွင် Global Version ဟု စာလုံးပါဝင်သည်။ ဖုန်းအတွင်းတွင် MIUI Global Stable ROM နှင့်လာသည်။
Xiaomi MIUI သည် Xiaomi ဖုန်းများအတွက် တရားဝင် MIUI ROM (၄) မျိုး Public ပေးသုံးပါသည်။
1. MIUI China Beta ROM
2. MIUI China Stable ROM
3. MIUI Global Beta ROM
4. MIUI Global Stable ROM
တို့ဖြစ်သည်။
အဲ့ဒီ ROM (၄) မျိုး ဘာတွေကွာခြားလဲ ဒီပို့စ်မှာဖတ်ပါ။ > https://www.thandana.net/about-miui-differents-roms-explained/
သက်ဆိုင်ရာ ဖုန်းများအတွက် ထွက်ရှိထားသော မည်သည့် Xiaomi ဖုန်းကိုမဆို အထက်ပါ MIUI ROM (၄) မျိုး တင်ပြီးအသုံးပြုနိုင်ပါသည်။

ထို့ကြောင့် China ကို Global ပြောင်းလို့ရသည်ဆိုသည်မှာ အလုံးကိုတော့ ပြောင်းလို့ရသည်မဟုတ်ပါ။ ဖုန်းအတွင်းရှိ MIUI Version ကို Global ROM ပြောင်းအသုံးပြုခြင်းကိုဆိုလိုပါသည်။ ( China အလုံး နှင့် Global အလုံးသည် Quality / Specification ) အားလုံး အတူတူပဲဖြစ်သည်။ ဗူးခွံ တရုတ်စာ နှင့် အင်္ဂလိပ်စာ ကွာပါသည်။ Global Version အလုံးသည် တရုတ်ပြည်ပသို့ဖြန့်ချီသည့်အတွက် QC Pass စစ်ဆေးထားပြီးသား ဖြစ်သည်။
Official နဲ့ UnOfficial ဘာကွာလဲဆိုတော့...
မည်သည့် Xiaomi ဖုန်းမဆို Official Warranty 1 Year ပါဝင်ပြီးဖြစ်ပါသည်။ သို့သော် ၎င်း Warranty အတွက် တရုတ်ပြည်တွင်းမှာသာ အကျုံးဝင်ပါသည်။ ထို့ကြောင့် ဖုန်း တခုခုဖြစ်လျင် တရုတ်ပြည်သို့ ပြန်လည်ပို့ဆောင်ပြီး Warranty အဖြစ် ရယူနိုင်သည်။ သို့မဟုတ်က မြန်မာပြည်ရှိ ဖုန်းဆားဗစ် ဆိုင်များတွင်ပြနိုင်သည်။ Warranty အနေနဲ့တော့ မဟုတ်ပါ။ ပြုပြင်ခတော့ ပေးရပါမည်။
ထို့အတွက်ကြောင့် Xiaomi သည် တရုတ်ပြည်ပြင်ပ အခြား နိုင်ငံများအတွက် Official Distributor များပေးအပ်ပြီး ဖြန့်ချီ ရောင်းချစေပါသည်။ ၎င်းတို့မှ ဖြန့်ချီရောင်းချသော အလုံးများကို သက်ဆိုင်ရာ ကုမ္ပဏီများမှ Xiaomi Official Warranty 1 Year ပေးအပ်ပြီး ဈေးကွက်အတွင်းရှိ ဖုန်းဆိုင်များသို့ ဖြန့်ချီရောင်းချစေပါသည်။ ၎င်း အလုံးများတွင် သက်ဆိုင်ရာ ကုမ္ပဏီ၏ တံဆိပ် (လိုဂို) များပါဝင်ပြီး Global Version တံဆိပ်ပါ အလုံးများဖြစ်ကြပါသည်။
UnOfficial / PI အလုံးများကိုတော့ ရောင်းချပေးသော သက်ဆိုင်ရာ ဆိုင်များ၏ Warranty ကိုသာ ရရှိမည်ဖြစ်ပြီး၊ Official Warranty အနေနဲ့ ရရှိမည်မဟုတ်ပါ။ ထို့ကြောင့် ၎င်းအလုံးများသည် ရောင်းချပေးသော သက်ဆိုင်ရာ ဖုန်းဆိုင်များ၏ တာဝန်ယူ၊ တာဝန်ခံမှုအပေါ် ၁၀၀% မူတည်ပါသည်။
လက်ရှိဈေးကွက်တွင်း အဆိုပါ PI အလုံးများကို တချို့ဆိုင်ကြီးများက Official Warranty အတိုင်း ဆိုင် Warranty 1 Year (Factory Fault/ Hardware/ Software) အပြည့်ပေးပြီး၊ တချို့ဆိုင်များက Software Warranty သာပေးကြသည်များလည်းရှိကြပါသည်။ ဖုန်းဆိုင် တဆိုင်နှင့် တဆိုင်တော့ တူညီမည်မဟုတ်ပါ။

No comments:
Post a Comment