Tuesday, July 25, 2017
EMMC
Service ဆရာတိုင်း နီးပါး သိထားမယ်လို့  ယူဆရပေမဲ့ မသိသေးတဲ့
အသုံးများတဲ့ eMMC တွေ အထဲမှာ Pin ပုံစံတူပြီး ဈေးကွက်မှာ ၀ယ်ရ
လွယ်တဲ့ အမျိုးအစား (၄) မျိုး အကြောင်းကို နားလည်သိရှိရအောင် ဝေမျှပေးလိုပါတယ်။
1.  BGA 162 - Skyhnix JDAC
2.  BGA 162 - Skhynix JDBC
3.  BGA 162 - Samsung B309
4.  BGA 162 - SanDisk     ဆိုတဲ့  (၄) မျိုးပါ
တခုချင်းကို အကျယ်ချဲ့မယ် ဆိုရင်တော့
BGA 162 - Skhynix JDAC  အမျိုးအစားဟာ Boot Partition Size က
2 MB နဲ့ လာတာများပါတယ် ROM1 - 4G ပါ သူက Partition ပိုင်းထားပြီး
ဖြစ်လို့  Box တွေကို သုံးပြီး ပြန်ပိုင်းလို့ မရပါဘူး  ကိုယ်က eMMC ကပ်မဲ့
ဖုန်းမှာ နဂိုသုံးထားတာနဲ့  တူညီတယ် ဆိုရင်တော့ CID ချိန်းစရာ မလိုသလို
Box လဲ မလိုတော့ပါဘူး  Box ရှိတဲ့ သူတွေကတော့ CID ပြန်ချိန်းပြီးတော့
သုံးလို့ ရပေမဲ့ Box မရှိတဲ့ သူတွေအတွက်က တခါတလေမှာ Port ကို မသိ
တဲ့ အခက်အခဲမျိုး ကြုံရနိုင်တယ်  ဖြေရှင်းနည်းကတော့  Test Point ကို
ထောက်တာပဲ ဖြစ်ဖြစ် 9008 JIG ကို သုံးတာပဲ ဖြစ်ဖြစ် လုပ်လို့ ရပါတယ်
ကောင်းတဲ့ အချက်လေးတွေကတော့  Qualcomm တွေမှာတင် မကပဲ
MTK တချို့ မှာလည်း သုံးလို့ ရတယ်လို့  ဆိုထားပါတယ်  စမ်းကြည့်ပေါ့ဗျာ
=============
BGA 162 - Skhynix JDBC  ကတော့ Boot Size 4 MB ဖြစ်ပြီးတော့
ROM1 4 GB ပါ  သူလည်းပဲ Partition ပိုင်းထားပြီးသား အနေနဲ့ လာတာ
ဖြစ်လို့  ပြန်ပြီး ပိုင်းလို့ မရပြန်ပါဘူး သူလည်း အပေါ်က အတိုင်းပါပဲ
=============
BGA 162 - Samsung B309  ကတော့ Boot Size (၂) မျိုး ၀င်ပါတယ်
ပိုကောင်းတဲ့ အချက်ကတော့ Boot Partition ကို လိုသလို ပိုင်းလို့ ရတယ်
Box တွေ ဘာတွေ သုံးပြီးတော့လည်း CID ချိန်းလို့ ရပါတယ် တခုရှိတာက
Box မရှိခဲ့ဘူးဆိုရင်တော့ CID ဂျီးမများတဲ့ ဖုန်းတွေ အတွက်ပဲ သုံးသင့်
ပါတယ်
=============
BGA 162 - Sandisk အမျိုးအစားကတော့ Boot Size 2 MB ဖြစ်ပြီး
ROM1 - 4 GB ပါပဲ  အပေါ်က eMMC တွေကို အလွတ် ၀ယ်ကပ်ပြီး
Flash Tool နဲ့  Firmware ရေးတဲ့ အခါမှာ  4032 error တက်ခဲ့ရင်
ဒီ အမျိုးအစားနဲ့ ပြောင်း ကပ်ပြီး ရေးရင် အဆင်ပြေတယ် ဆိုပါတယ်
=============
အချုပ် ဆိုရရင်
eMMC ကပ်ပေးရတော့မယ် အဆင်ပြေမပြေကလည်း မသေချာဘူး
မပြေပြန်ရင်လည်း ၆၅၀၀ နဲ့ ၇၅၀၀ ကျပ် ကြားက ဆုံးဦးမယ် ဆိုတဲ့
ဆရာများ အနေနဲ့  ကိုယ်က ၀ယ် ကပ်မဲ့ အလုံးဟာ Qualcomm တွေ
MTK တွေမှာ Boot Size က နဂိမူလ 4GB ဆိုရင် CID တွေ GPT တွေ
MBR တွေကို ထည့်စဉ်းစား စရာ မလိုပဲ Skhynix တွေကို စိတ်ချစွာ
ဝယ်ကပ်နိုင်ပါတယ်တဲ့
=============
နောက်ဆုံး တချက်အနေနဲ့ က
MTK တွေကို eMMC လစ်သွားပြီ အသစ်ကပ်ရတော့မယ်လို့ 
လုံးဝ မဆုံးဖြတ်ခင် Hardware ပိုင်း မကိုင်ခင်မှာ Software
ပိုင်းနဲ့   Double Confirm လုပ်လို့ ရပါသေးတယ် သေချာပြီ
ဆိုမှပဲ  Hardware ပိုင်းကို ကိုင်သင့်ပါတယ်
=============
နည်းလမ်းကတော့
SP Flash Tool ကို ဖွင့်ပြီး DA DL ALL ကို အမှန်ခြစ်ပေးပါ
Firmware ပြန်ရေးကြည့်ပါ အားလုံးရေးပြီးသွားတဲ့ အခါကြ
Check Sum Error (1041) တက်လာခဲ့ရင်တော့ သေချာပေါက် eMMC လုံးဝ လစ်သွားပြီး
အသစ် ကပ်ပေးရပါလိမ့်မယ် ခင်ဗျာ။
အဆင်ပြေသော နေ့ရက်လေး ဖြစ်ပါစေ။
Mobile Technology
[လက်တွေ့လုပ်ငန်းခွင်သုံး မိုဘိုင်းဖုန်းပြုပြင်နည်း
သင်တန်းကျောင်း]
No comments:
Post a Comment
Huawei Y5 ll MT6572 Firmware
ဘယ်​သူမှာမှမရှိတဲ့ firmware ဗျ Free​ပေးလိုက်မယ်​ Huawei CUN-U29 MT6572 နဲ့​နော်​ ခင်​ဗျတို့မှာရှိတဲ့ mt6582မဟုတ်ဘူးဗျ Passwors yelzawaun...